Pages

Thursday, September 18, 2014

Root အကြောင်း နှင့် CWM (သို့မဟုတ်) Clock Work Mod အကြောင်း


အခုတင်ပေးမယ့်အကြောင်းအရာကတော့မြန်မာစာထည့်နည်းအကြောင်းမေးတာများလာလို့ ကျွန်တော် ဒီ post ကိုရေးရတာပါ 
ဒီ Post ကိုအခုမှလေ့လာတဲ့ နည်းပညာသမားတွေအတွက်ရည်ရွယ်ပြီးရေးလိုက်တာပါ ကျွမ်းကျင်အဆင့်တွေကတော့ ဒီ post ကိုကျော်သွားပေးပါလို့ပြောရင်
 မှားတာရှိရင် Comment မှာအကြံပေးသွားနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါတယ်

Root အကြောင်း

  မြန်မာစာထည့်မယ်ဆိုရင် Fontstyle ပါတဲ့ဖုန်းတွေကလွဲလို့ ကျန်တဲ့ဖုန်းတွေမှာမြန်မာစာထည့်မယ်ဆိုရင်
ဖုန်းကို root ဖောင့်ပြီးမှမြန်မာစာထည့်လို့ရတာပါ တချို့တွေကမေးတယ် root ဖောင့်တာဘာထူးလည်းတဲ့
 အာမခံပျက်သွားတယ်လို့ပြောတယ် အဲဒါရောဟုတ်လားလို့မေးလာကြတယ်
အဓိကကတော့ကုမ္ပဏီထုတ်လုပ်တာက Android ဖုန်းတွေမှာ Open source လို့ပြောပေမယ့်
30% လောက်သာအပြည့်အဝသုံးပြုခွင့်ရတာပါ ကျန်တာကတော့ပိတ်ထားတဲ့ အနေအထားမှာရှိနေတာပါ
အဲဒီ 30% အနေအထားမှာ ကျွန်တော်တို့ကို System ပိုင်းထဲမှာ ဘာမှပြင်ဆင်ခွင့်မပေးသေးတဲ့အတွက်
မြန်မာစာမြင်ရဖို့အရေးကို System ထဲကနေ font ဖိုင်ထဲကို ကိုယ်တွေအများဆုံးသုံးတဲ့
Zawgyi One မြန်မာစာကိုထည့်ပေးရမှာမို့ ထည့်ခွင့်ရအောင်က (တစ်ခါတစ်လေမြန်မာစာပါပြီးသား
ဖုန်းတွေလည်းရှိပါတယ် ဒါပေမယ့်မြန်မာစာမမှန်ပါဘူး အများအားတခြားဖောက်ဖြစ်နေတာများလို့ပါ)
ကုမ္ပဏီကပိတ်ထားတဲ့ 70% ထဲက ထပ်ရဖို့အတွက် root ဖောက်ရပါတယ် root ဖောင့်ခြင်းအားဖြင့်
ကုမ္ပဏီကပေးထားတဲ့ အာမခံကပျက်သွားမယ်လို့ပြောရင်ရသလို မပျက်အောင်လုပ်တဲ့နည်းလည်းရှိပါတယ် အဓိကကတော့ ဖုန်းတစ်လုံးလုံးဖွင့်လို့မရအောင် ပျက်သွားတာတို့၊ Phone Firmware မတက်တာဆိုရင်
အာမခံကသုံးလို့ရပါသေးတယ် ဒါပေမယ့်နည်းနည်းပါးပါးဖြစ်တဲ့ Firmware
တက်တဲ့အနေအထားကနေကုမ္ပဏီပြန်ဖို့ရင်တော့ တချို့သောဆိုင်တွေမှာ လက်မခံတတ်ပါဘူး ဥပမာ
မှန်တော့လို့မရတာတို့လိုမျိုးတွေမှာပေါ့ အဲလိုအနေအထားဆိုရင်တော့ ဖုန်းကို
root ပြန်ဖြုတ်ပြီးမှဆိုင်ပို့ရင်တော့ အာမခံမပျက်ဘဲလုံးဝ 100% မူလအာမခံအတိုင်းသုံးလို့ရမှာဖြစ်ပါတယ်
ဒီအဆင့်ကတော့ဖုန်းထဲကနေ root ဖောင့်ခြင်း(သို့မဟုတ်)ကွန်ပျူတာကနေ
root ဖောင့်ခြင်းသွင်းခြင်းအတွက်သာဖြစ်ပါတယ် 

CWM (သို့မဟုတ်) Clock Work Mod အကြောင်း


CWM ကနေ root သွင်းခြင်း ဆိုတာကို အရှည်ကတော့ Clock Work Mod လို့ခေါ်ပါတယ် CWM
သွင်းတယ်ဆိုတာ ကုမ္ပဏီကနေ သတ်မှတ်ထားတဲ့ Recovery Mod ကိုပြင်ပြီး CWM Recovery Mod
ထည့်ခြင်းကိုဆိုလိုတာပါ မူရင်းရှိတဲ့ Recovery Mod ကတော့ အကန့်အသန့် Recovery Mod
လို့လည်းပြောလို့ရတယ် CWM Recovery Mod ကျတော့ Custom Firmware တွေပါအသုံးပြုလို့ရအောင်
လုပ်တာလည်းပါတယ် (Custom Firmware ဆိုတာဥပမာအနေနဲ့ပြောရရင် Samsung Phone ကို Sony
Firmware တွေလိုပုံပြောင်း Firmware တွေတင်တာကိုပြောတာပါ မကောင်းတာတော့မကောင်းပါဘူး)
တခြားအသုံးပြုလို့ရတာတွေ အများကြီးရှိပါသေးတယ် ရိုးရိုး root မပေါက်တဲ့ ဖုန်းတွေမှာ CWM ထည့်ပြီး
root ဖောက်တာတွေ၊Rom Backup ပြန်လုပ်တာတွေ အပါဝင်ပေါ့ CWM သွင်းလို့
အာမခံပျက်လားလို့မေးရင်တော့ ပျက်ပါတယ်မပျက်အောင်လုပ်တဲ့နည်းလည်း အရင်ကလိုဘဲ့ရှိပါတယ်
အပေါ်ကရေးထားတဲ့ အတိုင်းတော့မရတော့ဘူး ဖုန်းတစ်လုံးလုံးသုံးလို့မရအောင်ပျက်သွားတာက လွဲရင်
အာမခံသုံးလို့မရတော့ပါဘူး ဒါပေမယ့် Firmware ပြန်တင်ရင်တော့ CWM နှင့်
root ဖောင့်တာပါပျောက်သွားပြီး အာမခံကိုလုံးဝ 100% အသုံးပြုလို့ရပါပြီ အဲဒါဆိုရင်တော့ root ဖောင့်ရင်
ဘာအကျိုးရှိလည်း CWM သွင်းရင်ဘာအကျိုးရှိလည်း အားနည်းချက်ကဘာတွေရှိလည်း
ဆိုတာနားလည်လောက်ပြီထင်ပါတယ် ဒါဆိုရင်တော့ ဖုန်းတစ်လုံး 100% အသုံးပြုရဖို့အတွက်ကတော့
CWM နှင့် root ဖောက်နိုင်သလို ဘာအဆင့်လောက်လုပ်ပြီး ဘယ်အဆင့်ကတော့
လုပ်စရာမလိုဘူးလည်းဆိုတာ နားလည်လောက်ပြီးထင်ပါတယ်



အားလုံးကိုလေးစားစွာဖြင့် minminchit (www.fb.com/minminchit.org)

1 comment:

  1. Cwn ပြုလုပ်နည်း တင်ပေးပါလား ဆရာ

    ReplyDelete