Pages

Friday, October 24, 2014

32-bit နှင့် 64-bit အကြောင်းရှင်းလင်းချက်



သင်​တန်းမှ ဆရာမင်းမင်းချစ်​က သင်​တန်းသား​တွေကို ​မေးမြန်းလိုက်​ပါတယ်​ အရင်​က​တော့ ကိုယ့်​အရည်​ချင်းပြည့်​​စေဖို့ရန်​အတွက်​ အ​မေး​ဖြေလုပ်​ခိုင်းပါတယ်​ တစ်​ဦးမှလည်း ​မေးမြန်း ချင်းမပြုလုပ်​ကြဘူး ဒီ​တော့ ဒီ​နေ့အခြားလူများက လိုင်းပေါ်ကနေ​မေးမြန်း လာတာကို ​ဖြေခိုင်းပါတယ်​ ဘာ​မေးလာသလဲဆို​တော့ ​မေးလာသူရဲ့ကွန်​ပျူတာဟာ windows 7  64 Bit တင်ထားပါတယ် ​​နောက်​ပြီး ram 4 GB ရှိပြီး ​လေး​နေခြင်း​ကြောင့်​ ဘာ​ကြောင့်​​လေး​နေတာလဲဆိုတာမေးလာပါတယ် သူဆက်ပြောတာက windows 7 32 bit တင်ရင်ရောမြန်မလားလို့မေးလာပါတယ် သူကိုယ်တိုင်ကိုမသိဘူးဖြစ်​​နေတယ်​ သူအထင်​က​တော့ 32 Bit ဆိုရင်​​တော့မြန်​မယ်​လို့ထင်​ခဲ့တာ သူထင်​ထားသလိုပဲ 32Bit တင်​ရင်​​တော့မြန်​မှာ​သေချာတယ်​။
ဒါ​ပေမယ့်​ 64 Bit တင်​လို့ရတယ်​ဆိုတာ မသိ​တော့ဘူးဆိုရင်​ တစ်​သက်​လုံး 32Bit ​ပဲသူသုံးရ​တော့မယ်​  ဒီအ​ကြောင်းကို ဆရာမင်းမင်းချစ်​က သင်​တန်းသား​တွေ ​ဖြေရှင်းခိုင်းပါတယ်​ ဒါ​ကြောင့်​ကျွန်​​တော့်​အ​နေနဲ့ သိသ​လောက်​​လေးပြန်​လည်​​ရှင်းပြရမယ်​ဆိုရင်​ ဒီ​တော့ 32 Bit နှင့်64 Bit ဘာ​တွေကွာခြားသလဲ ဆို​တော့ CPU နဲ့ ram ​ပေါ်မူတည်​နေပါတယ်​ 32 Bit ကထိုက်သင့်သလောက်မြန်ပေမယ့် 64 Bit လောက်တော့ မမြန်နိုင်ပါဘူး
CPU ဆိုတာနဲ့ အကြမ်းအားဖြင့် data bus speed (dataတွေကိုသယ်နိုင်တဲ့လမ်းကြောင်း)နဲ့ width  တို့နဲ့တိုင်းတာပါတယ်။  ဟိုအရင် CPU အကြောင်းရှင်းပြတုန်းကလည်း ရှင်းပြဖူးပါတယ် 32 Bit က ဘာနဲ့တူလည်းဆိုတော့ ကား 32 စီးနဲ့ပစ္စည်းကိုတင်နေရင် 64Bit ကျတော့ ကားပေါင်း 64 စီးနဲ့တစ်ပြိုင်တည်းအသုံးပြုနေသလိုကွာပါတယ်  ဒီဥပမာအတိုင်းပါပဲ  data bus မှာလဲ Intertnal data bus နဲ့ external data bus ဆိုပြီးနှစ်မျိုးရှိပါတယ်..internal data bus ရဲ့ တစ်ကြိမ်မှာ သယ်နိုင်တဲ့နှုန်းကို bit နဲ့တိုင်းတာပါတယ်။ 32 bit ထက်စာရင် 64bit က ပိုမြန်ပါတယ်။
အခုနောက်ပိုင်း အသုံးပြုနေကြတဲ့ ကွန်ပျူတာတိုင်းက external databus ကို 64 bit နဲ့အလုပ် လုပ်ကြတာများပါတယ် အဲဒါကြောင့်မို့လို့ 64 Bit တင်ရင်တော့ သေချာပေါက်မြန်မှာပါ ကွန်​ပျူတာဟာ windows 7 64 Bit ဖြစ်ပါလျှက်နဲ့ လေးနေတာပါ. နောက်ပြီး ကွန်ပျူတာရဲ့ RAM အသုံးပြုပေါ်လည်းမူတည်တယ် 32 Bit က RAM ကို 4GB ထိလက်ခံတယ်လို့ပြောထားပေမယ့် windows အများအားဖြင့်က 2.75 GB အလွန်ဆုံး တစ်ခုတစ်လေ လောက်ဘဲ့ 3.25 GB ထိ လက်ခံတယ် ဒီတော့ 64 bit က Ram 2 GB ကနေ 128 GB ထိအသုံးပြုလို့ရတဲ့အတွက် Ram 4GB လောက်ပါတဲ့ computer တစ်လုံးမှာ Windows 7 64 Bit တင်မှ 4 GB လုံးအပြည့်အဝသုံးခွင့်ရမှာပါ ဒါပေမယ့်မေးလာတဲ့ကောင်လေးရဲ့ပြသာနာကတော့ Windows 7 64 bit ကိုလည်းတင်ထားပါတယ် Ram လည်း 4 GBရှိပါတယ် CPU လည်း 64 Bit spot လုပ်ပြီး CPU လည်းအမြင့်ထဲကပါဘဲ့ အဓိကသူရဲ့ ပြသာနာကတော့ Windows ကြောင့်မဟုတ်ဘဲ့ Windows မှာရှိနေတဲ့ virus က အထဲမှာ Run နေလိုက်တာ ရှိသမျှ Ram တွေကုန်သလောက်ဆိုတော့ နှေးနေတာပါ သူ့မေးသလိုမျိုး 32 Bit တင်ရင်တော့ Virus ပါပျောက်သွားရင်တော့ 64 Bit ထက်မြန်သလိုဖြစ်သွားပါလိမ့် အဲဒါဆိုရင်သူကတော့ 64 Bit ထက် 32 Bit ကပိုမြန်တယ်လို့ထင်ပြီး တစ်သက်လုံးသူများတွေကိုလိုက်ပြောနေရင်သူနဲ့သိတဲ့သူတွေ အကုန်လုံးလဲအဲလိုနားလည်သွားမှာကြောင့်လို့ windows 7 32 bit နှင့် 64 bit အကြောင်းနည်းနည်းလေးရှင်းပြပေးတာပါ ဒီနေ့ကတော့ဒီလောက်ပါဘဲ့...။

အားလုံးကိုချစ်​ခင်​​လေးစားလျှက်​ ​နောင်​​နောင်​ ​တောင်​​ပေါ်သား



0 comments:

Post a Comment