Pages

Sunday, October 19, 2014

internet browser များတွင်မြန်မာစာမှန်ကန်အောင်ပြုလုပ်နည်း

အခု တစ်ခါ ကျွန်တော်တင်ပေးမှာကတော့ လူတွေတော်တော်များများ အခတ်တွေ့နေတဲ့ အင်တာနက် မှာ မြန်မာစာပေါ်အောင်လုပ်နည်းကို ကျွန်တော် ပုံတွေနှင့်တကွ ရှင်းလင်း တင်ပြပေးပါ့မယ်ခင်ဗျာ ကဲ စကြမယ် နှော် ကျွန်တော်က ဆော့ဝဲလ်တွေကိုတင်တာသဘောကျသလို လုပ်နည်းတွေကိုလည်းရှင်း
ပေးရတာသဘောကျပါတယ် အချိန်လည်းပေးရပေမယ့် ကျွန်တော် တတ်တာလေးတွေကို ကျွန်တော်လို
ကွန်ပျူတာလေ့လာသူများကို တတ်မြောက်စေချင်လို့ပါ ကဲသူငယ်ချင်းတို့ရေ စကြပါစို့နှော်....



Start Menu ကိုနှိပြီး Right panel ထဲက Control panel နှိပ်ပြီးဖွင့်လိုက်ပါ


ပုံထဲတွင် အနီရောင်လေးဝိုင်းထားသော Network and Internet ဆိုတာကိုနှိပ်လိုက်ပါ



Internet Options ဆိုတာကိုနှိပ်ပါ


Font ဆိုတာကို နှိပ်ပါ


အောက်ဆုံးမှာရှိတဲ့  Zawgyi-One ကို ရွေးပေးပါ ရွေးပေးပြီးလျှက် အနီရောင်လေးဝိုင်းထားတဲ့ Ok ဆိုတာလေးတွေကို နှိပ်ပေးပါ


အခုပထမအနေနဲ့ Internet browser ဖြစ်တဲ့ google chrome ကိုကျွန်တော်အရင်ရှင်းပြပေးသွားမှာပါ google chrome ကိုဖွင့်လိုက်ပါ ပုံတွင်အနီရောင်ဝိုင်းထားသည့် နေရာကို တစ်ချက်နှိပ်ပါ ပြီးလျှင် Settings ဆိုတာကိုနှိပ်ပါ


ပုံထဲတွင်အနီရောင်ဝိုင်းထားသော စာတမ်းကို အောက်ကတဖြည်းဖြည့်းရွှေ့၍ ရှာပါ တွေ့ပါက Customize fonts ဆိုတာကိုနှိပ်ပါ ပုံထဲတွင့်ကျွန်တော်အမျှားလေးတွေပြထားသော ၄ နေရာများအတွင် Zawgyi-One ကိုရွေးပေးပါ...


အခုတခါမှာလည်း Settings ရဲ့ အအပေါ်က Extensions ဆိုတာကိုနှိပ်ပါ ပုံထဲတွင်အမျှားပြထားသော Get more extensions ဆိုတာကိုနှိပ်ပါ


အမျှားပြထားသော Search နေရာတွင် myanmar font လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ 


နံပါတ် 1 အနေနဲ့ fee ဆိုတာကိုနှိပ်ပါ နံပါတ် 2 အနေနဲ့ Add ဆိုတာကိုနှိပ်ပါ ၄ ခုစလုံးကို ထိုနည်း အတူလုပ်လိုက်ပါ ဒါဆိုရင် google chorme မှာ မြန်မာစာကိုကောင်းကောင်းကြီးမြင်နိုင်ရေးနိုင်ပါပြီ လုပ်နည်းကိုလည်း စာဖတ်သူ သိ၍ မြင်၍ လုပ်တတ် တက်မြှောက်မည်ဟုတ်ယုံကြည်ပါသည်။


နောက်ထပ် mozilla firefox မှာမြန်မာစာပေါ်အောင်ပြုလုပ်နည်းကိုပါ ပုံနှင့်တကွ ရှင်းပြပေးမှာ ဖြစ်ပါတယ် ဒါကြောင့် mozilla firefox အတွက် မြန်မာစာ Font ကို အောက် link မှာ ဒေါင်းယူပါ
Passwod ကတော့ www.minminchit.org ဖြစ်ပါတယ်


ဒေါင်းလို့ရလာတဲ့ဖိုင်ကိုဖြေ၍ MyanmarFontTagger{1.4} ဆိုတာကို mouse ကလေးကို Right Click နှိပ်၍ ဖိဆွဲပြီး mozilla firefox ထဲကိုဆွဲထည့်ပါ Move လို့ပေါ်လာရင် လွှတ်လိုက်ပါ 


ပုံတွင်ပေါ်သည့်အတိုင်းပေါ်လာပါလိမ့်မည် Install Now ဆိုတာကိုနှိပ်ပါ


ပြီးတော့ ပုံတွင်ပြထားသည့်အတိုင်း Restart ချလိုက်ပါ ခဏစောင့်နေပါ


mozilla firefox ထဲက Options ဆိုတာကိုနှိပ်ပါ ပြီးတော့ ပုံတွင်ပေါ်နေသည့် content ဆိုတာကိုနှိပ်ပြီး အောက်ဆုံးမှာရှိတဲ့ Zawgy-One font ကိုရွေးပေးပါ


ပုံတွင် နံပါတ် 1 နံပါတ် 2 လို့ခွဲထားပါတယ် ၁ ကတော့ Advanced ဆိုတာကိုနှိပ်ပါ ပြီးလျှင် ပုံတွင် အနီဝိုင်းထားနေရာမှာ တခြား Font များဖြစ်နေပါက Zawgyi-One ကိုပြောင်းပေးပါ ပြီးလျှင် Ok နှိပ်ပါ ဒါဆိုလျှင် mozilla firefox မှာလည်း မြန်မာစာကိုကောင်းကောင်းကြီးရေးနိုင် ဖတ်နိုင် လုပ်တတ် တက်မြှောက်လိမ့်မည်ဟုယုံကြည်မိပါသည်.........



   အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)    











0 comments:

Post a Comment