Pages

Thursday, October 23, 2014

Windows 7 တင်နည်းအခြေခံ

ဒီနေ့ကျွန်တော်တင်ပေးမှာကတော့ Windows 7 တင်နည်းလေးပဲဖြစ်ပါတယ် ကျွန်တော် တင်ပေးသော အရာများကတော့ ကွန်ပျူတာကို စတင်လေ့လာနေသောအခြေခံသမားများကို အထောက်ကူပြုစေပါတယ် ကျွန်တော်ကိုတိုင်လည်း ကွန်ပျူတာကို ကျွမ်းကျင်သူတစ်ယောက်မဟုတ်သေးပါ ဆရာမင်းမင်းချစ်ထံမှာ ပညာသင်ယူ နေသော ကျောင်းသားလေးတစ်ယောက်ပဲရှိပါသေးတယ် ကျွန်တော်တင်ပေးတော့ တချို့နေရာ တွေမှာ အမှားအယွင်းပါနေရင် ပြုပြင်ပေးပါခင်ဗျာ.............


အခု ဝင်းဒိုးတင်ဖို့အတွက် BIOS ထဲကနေ Boot setting ထဲကို ဝင်ရမှာ ဖြစ်ပါတယ် ဒါကြောင့် ကွန်ပျူတာကို Power ဖွင့်လိုက်ပါ Windows တက်လာတာနဲ့ Desktop မှာအများဆုံးအားဖြင့် Delete key လေးကို ဆက်တိုက်နှိပ်ပေး ရသလို Laptop တွေမှာကြတော့ F2 ဖြင့်အများဆုံး ဆက်တိုက်နှိပ်ဝင်ရပါတယ် ဒါပေမယ့် ပုံသေနည်းတော့ မမှတ်ကြဖို့အရင် သတိပေးချင်ပါတယ် BIOS ထဲကနေ Boot setting ထဲကိုရောက်လျှင် Boot ကို သွားပါ အဲမှာတွေ့ပါလိမ့်မယ် Boot setting ထဲမှာ ပထမဆုံး Drive နေရာမှာ USB နဲ့ windows တင်မှာဖြစ်တဲ့အတွက် USB Harddisk ဖြစ်တဲ့ USB HDD နေရာက ကိုယ့် USB ကိုအပေါ်ဆုံးမှာထားပေးရပါတယ် ဒါကြောင့် Windows ကိုခွေနှင့်တင်ရင် DVD Drive ကိုရွေးပေးရမှာဖြစ်သလို USB နှင့် တင်ရင်လည်း USB Drive ကိုရွေးပေးရမှာ ဖြစ်ပါတယ် ရွေးပြီးရင်တော့ F10 ကို နှိပ်၍ Yes ဆိုတာကို နှိပ်လိုက်ပါ


ဒီနေရာကတော့ Language to install ဆိုတာကတော့ ဘာသာစကား ဒါရိုက် install လုပ်ပြီးရွေးချယ်တာ ဖြစ်ပါတယ် Time and currency format ကတော့ အချိန်တွေ ကိုရွေးချယ်တာ ဖြစ်ပါတယ် ထို့အတူ Eeyboard or input method ကလည်း ကိုသုံးမည့် ကီးဘုတ် ထည့်သွင်းတာဖြစ်ပါတယ် ကျွန်တော်တို့မြန်မာလူမျိုးဖြစ်သောကြောင့် အင်္ဂလိပ်လို သုံးတာ အကောင်းဆုံး ဖြစ်ပါတယ် အပေါ်က Language နေရမှာ ဥပမာ Thailand လို့ရွေးလိုက်ရင် နောက် Install လုပ်တဲ့ Software တွေအားလုံးကို ထိုင်းဘာသာတွေနဲ့ပဲဖြစ်နေပါလိမ့်မည် ဒါကြောင့် ဘာမှ မလုပ်ပဲနဲ့ Next ဆိုတာနှိပ်လိုက်ပါ 


Install now ဆိုတာကိုနှိပ်ပါ


ဒါကတော့ Windows တင်ဖို့ အတွက် သဘောတူလက်မှတ်ထိုးရတာဖြစ်ပါတယ် ဒါကြောင့် left Click နှိပ်ပြီး လက်မှတ်ထိုးလိုက်ပါ




အောက်က Custom (advanced) ကိုနှိပ်ပါ


Windows တင်လျှင် အများအားဖြင့် windows အဟောင်းတွေက Loal Disk (C) မှာ windows တင်ထားတာများတဲ့အတွက် တင်ထားတဲ့အပိုင်းကိုမဖြစ်မနေ ဖျက်ပြစ်ရပြီး မဟုတ်ရင် windows နှစ်ခုထပ်နေပါလိမ့်မယ် Loal Disk (D) နှင့်တခြားအပိုင်းတွေကိုတော့ မဖျက်လည်းရပါတယ် Virus ကိုက်နေတဲ့ ကွန်ပျူတာဆိုရင်တော့ အထဲမှာရှိသမျှ data အကုန်လုံးကို ကူးထုတ်ပြီး အထဲကအကုန်လုံးကိုဖျက်ပြစ်ဖို့လိုအပ်ပါတယ် ပြီးတော့ တခြားကွန်ပျူတာမှာ virus စစ်ပြီးတော့မှပြန်လာထည့်မှအဆင်ပြေမှာပါ ကျွန်တော်ကတော့ Loal Disk (C) partition 2 ကိုဖျက်ပြီး Load Disk (D) partition 3 ကိုမဖျက်ပြစ်ပါဘူး ဖျက်ပြီးသားဖိုင်ကို တစ်ချက်နှိပ်ကာ New ကိုနှိပ်၍ ကိုကွန်ပျူတာမှာ ဥပမာ 500 GB ရှိလျှင်  Load Disk (C) ကို အနည်းဆုံး 100 GB ထားသင့်ပါတယ်  ဒါကြောင့် 100 GB အတွက် 100000 (တစ်သိန်း) ရေးပေးရမှာဖြစ်ပါတယ်


ကျွန်တော် Load Disk (C) partition 2 ကို 153 GB ထားပါတယ် 


ပြီးရင်တော့ ပုံထဲကလို partition 2 ကို နှိပ်ပြီး Next ကိုနှိပ်ပါ


အခုပုံကတော့ Windows တင်နေတာ ဖြစ်ပါတယ် 100 ရာခိုင်နှုန်း ပြည့်အောင်ဒီအတိုင်ဘာမှ လုပ်ပဲ ထိုင်စောင့်နေပါ DVD ခွေနှင့်တင်လျှင် အနည်းဆုံး နာရီဝက် လောက်စောင့်ရမှာဖြစ်ပါတယ် USB 3.0 လောက်နဲတင်ရင်တော့ 15 မိနစ် 20 မိနစ်လောက်ပါပဲ စောင့်ရမှာဖြစ်ပါတယ်


100 ရာခိုင်နှုန်းပြည့်သွားရင် သူ့လိုလို Restart ကျသွားပါလိမ့်မယ် Windows တက်လာတာနဲ့ ပထမဆုံးအဆင့်လို Boot Setting ထဲကိုပြန်ဝင်ပြီ Hard Drive ကို အပေါ်ဆုံးမှာ ထား၍ F10 ကို နှိပ်ကာ Yes ကိုနှိပ်လိုက်ရင် Window Installing ပြုလုပ်နေတာဖြစ်သောကြောင့် အစိမ်းရောင် မျဉ်းကြောင်းလေး ပြည့်တဲ့အထိစောင့်ပေးပါ


အခုပုံမှာမြင်တွေ့နေရတာကတော့ Type a User name ကိုယ့် ကွန်ပျူတာ အမျိုးအမည်ကို ရေးခိုင်းတာဖြစ်ပါတယ် ဥပမာ Lenovo အမျိုးအစားဆိုရင် Lenovo လို့ရေးလို့ ရသလို ကိုနာမည်ကိုကြိုက်တဲ့နာမည်ကိုလည်း ရေးလို့ရပါတယ်ခင်ဗျာ ပြီးရင်တော့ Next ကိုနှိပ်ပါ


အောက်ဆုံးက Ask me later ဆိုတာကိုနှိပ်ပါ


ပြီးရင်တော့ ကိုယ်နေတဲ့နိုင်ငံကိုရွေးပါ ဒါကတော့ ကိုယ်နေတဲ့နိုင်ငံရဲ့စံတော်ချိန်ကိုရွေးတာ ဖြစ်ပါတယ် ကျွန်တော် ထိုင်းမှာနေသောကြောင့် (UTC+07:00) ကိုရွေးလိုက်ပါတယ် 


ပြီးရင်တော့ ခဏလောက်စောင့်ပေးပါ


မကြာခင်မှာပင် Windows တင်တာအောင်မြင်ပါတော့မယ်ခင်ဗျာ


ပုံထဲကိုလို Windows License Version ဖြစ်လား မဖြစ်ဘူးလား ကြည့်ဖို့အတွက် Sart Menu  ကိုနှိပ်ပြီး Right Panel ( ညာဘက်ဘောင်ကွက်) မှ Computer ကို Left Click နှိပြီး အောက်ဆုံး Propertiesကိုနှိပ်ပြီး ဖေါ်ကြည့်နိုင်ပါတယ် Windows လိုင်စင်ဗားရှင်း ဖြစ်ဖို့အတွင် Windows Loader ကို Install လုပ်ရမှာ ဖြစ်ပါတယ် ဒါကြောင့် Windows Loader မရှိသူများ အောက်က Link မှာ ဒေါင်းယူပါ
Password ကတော့ www.minminchit.org



Windows Loader ကို Install ပြီးပါက ပြန်အပေါ်မှာပြောသလိုပြန်ဝင်ကြည့်လိုက်ပါ Windows License Version ဖြစ်သွားပါပြီ ဒါဆိုရင်တော့ Windows တင်နည်းကို နားလည် သဘောပေါက်လောက် ပြီ ထင်ပါတယ်



  အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)    

5 comments:

  1. window တင်ပြီးနောက်ပြီလုပ်နည်းပြပေးအုံးဆရာ

    ReplyDelete
  2. အကိုကျွန်တော့် computer windows 7 image ISO File 64-bit usb stick နဲ့ window တင်ခြင်လို့ ရှိရင်တင်ပေးပါလားခဗျာ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. window 7 တင်နည်းလေးတင်ပေးတဲ့အတွက် ဆရာကို အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျား

    ReplyDelete
  5. Ghost Windows တင်နည်းလေး ရေးပေးပါလားဗျာ

    ReplyDelete