Pages

Tuesday, June 30, 2015

32 bit နှင့် 64 bit အကြောင်းရှင်းလင်းချက် (ဒု)


မင်္ဂလာပါ 
ကျွန်တော် လည်း အကြောင်းအမျိုးမျိုးကြောင့် ဘာမှကို မတင်ဖြစ်တာကြာပြီ ဒီတော့ ကျွန်တော်ဆရာ မင်းမင်းချစ် ကတော့ ကျွန်တော်တို့ကို ဒီ 32/64 အကြောင်းရှင်းခိုင်းတာကို အရင်ကျွန်တော်သိသလောက်ရှင်းပြထားပေမယ့် မလုံလောက်သေးတော့ ထက်မံရှင်းပြဖို့ရန်အတွက် ယခုနောက်တစ်ကြိမ် ပြန်လည်လို့လာပါပြီ အရင်ကလည်းရှင်းပြထားပြီးသားမို့ အနည်းချင်းသာပြောပါမယ် လိုင်းပေါ်ကနေ မေးလာသူရဲ့အမေးကို ကျွန်တော်က ဖြေကြားပေးဖို့ ဆရာမင်းမင်းချစ်ရဲ့ လမ်းညွန်ခြင်းကို ခံယူခဲ့ရပါတယ်     ထားပါ အဲဒါက အရင်တုန်းကရှင်းပြပြီးသားပါ   ဒီတော့  ကျွန်ပျူတာ တစ်လုံးပိုင်ဆိုင်ထားပြီး 32-bit နဲ့ 64-bit အကြောင်းကို တိတိကျကျ သိထားသူနှင့် မသိထား သူတို့ ( ၂ ) ဦးမှာ ဘယ်သူက ဘယ်သူ့ထက်ပိုသာမယ်ထင်သလဲ  ဘယ်အရာဖြစ်ဖြစ် သိထားရင်တော့ သူ့နေရာနှင့်သူ အသုံးတည့်ပါတယ် ဆိုတာ တော့ လူတိုင်းလိုလို သိထားပါတယ် ဒါပေမယ့် ကွန်ပျူတာနဲ့ပတ်သတ်လို့  တွေးတော ဝေဖန်ခွဲခြားရခက်တဲ့နေထားမျိုး   ဖြစ်လာပြီဆိုရင် သိထားသူအတွက်တော့ ပိုမိုကောင်းတာပေါ့ မသိသူအတွက်ကတော့  ဟိုးမေးဒီမေးလုပ်ရမယ် လုပ်ပေးသူက အခကြေးများစွာယူ ပြီး သာမာန်လောက်ပဲလုပ်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့   မရေရာနဲ့ အသိစိတ်နဲ့ ဇဝေဇဝါလည်းဖြစ်လာမယ်  ဒီတော့ မိမိကိုယ် ကို ပြန်မေးရမည့် မေးခွန်းတစ်ခုက " 64-bit version Windows ကို ငါတကယ် အသုံးပြုသင့်ရဲ့လား ?     ဆိုတဲ့ မေးခွန်းပဲဖြစ်တယ် တကယ်လို့ အသုံးပြုသင့်တယ် ဆိုရင်ရော " ဘာကြောင့် 64-bit version Windows ကို အသုံးပြုသင့်တာလဲ ? " ။  ဆိုတဲ့ဒီမေးခွန်းနှစ်ခုအတွက် အဖြေတစ်ခုရှာရမယ်..။

လက်ရှိအခြေအနေမှာ Users တွေ အတော်များများကတော့ operating system (အော်ပရေးတင်းစစ်ဆတန်)   ဆိုတဲ့ အလုပ် လုပ်နေတဲ့စနစ် အတွက်ရွေးချယ်တဲ့  နေရာမှာ အရင်ကလူတော်တော်များများ အသုံးများခဲ့ကြတဲ့ 32-bit version ကနေ ကျော်ခွပြီး အခုဆိုရင် 64-bit version ကိုပဲ အသုံးပြုလာကြတယ် အသုံးပြုကြပေမယ့် အတော်များများကတော့ ဆိုင်ကထည့်ပေးသည့် အတိုင်းအသုံးပြုတာဖြစ်ပြီး 64-bit နဲ့ 32-bit ဒီနှစ်ခုရဲ့အားသာချက် အားနည်းချက်ကို မသိကြဘဲအသုံးပြုနေခြင်းသာဖြစ်နေတယ်  ။                                           အဲ့ဒါကြောင့် ကျွန်တော်တို့တွေ 64-bit နဲ့ 32-bit အကြောင်းနဲ့ အားသာ အားနည်းချက်ကိုမဖြစ်မနေသိထားဖို့လိုတယ်..။

မိမိရဲ့C-p မှာ ဘယ်လို Version မျိုးများ ရှိနေပါသလဲ 
ကျွန်တော်တို့ Computer မှာ ဘယ်လို Version မျိုး Run နေသလဲဆိုတာသိရှိနိုင်ဖို့ Control Panel ထဲက System properties မှာ သွားရောက်ကြည့်ရှုနိုင်သလို တစ်ခြားနည်းအားဖြင့်လည်း start menu ဒါမှမဟုတ် Desktop ပေါ်မှာ ရှိနေတဲ့ Computer icon ပေါ်မှာ Right-click ထောက်ပြီး Menu မှာ ပါဝင်နေတဲ့ Properties ကနေ တဆင့်လည်း ကြည့်ရှုလို့ ရပါတယ်။ Windows 7 နဲ့ Vista Users တွေကတော့ System type ရဲ့အောက်မှာ ကြည့်ရှု့လို့ ရပါတယ်။

 
ဒီနေရာမှာ မဖြစ်မနေသိထားရမှာက ကျွန်တော်တို့ရဲ့ Computer မှာ 64-bit operating system Run နိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ CPU ဟာ 64-bit ကို Suppot ဖြစ်ဖို့ လိုတယ်  တကယ်လို့ ကျွန်တော်တို့ အရည်အသွေးမြင့်တဲ့ modern CPU တွေကို သုံးမယ် ဆိုရင်တော့ 64-bit operating system ကို Run နိုင်ဖို့ အတွက်က အခက်ခဲမရှိ အေးဆေးစွာ အသုံးပြုနိုင်ပါတယ် ဒါပေမယ့် ဒါကလည်း ခြွင်းချက်တစ်ခုအနေ ပါဖြစ်တယ် ဘာကြောင့်လဲဆိုတော့ အချို့က ပုံစံဒီဇိုင်းလှပပြီး အရေသွေးညံ ဈေးနှုန်းချိုသာပြီး Quality ချထားတဲ့ Computer တွေမှာတော့ 64-bit ကို  support  အာမခံ တနည်း ထောက်ခံချက်မပေးထား မလုပ်ထားတဲ့ processor  ပရိုဆက်ဆို ဆိုတဲ့ Computer ထဲက အဓိက အလုပ်များစွာလုပ်နိုင်တဲ့ ကောင်မထည့်ထားတာတွေ ရှိနေတတ်တာတွေလည်း တွေ့ရတတ်တဲ့အတွက် သတိထားရမည့်အချက်ဖြစ်တယ်..။
32-bit မှာ တကယ်ပဲ Memory Limit ကန့်သတ်ချက် ရှိနေသလား ?
မည်သည့် 32-bit operating system မှာ မဆို ကျွန်တော်တို့တွေ အတွက် RAM ပမာဏကို နောက်ဆုံး အာဏာကုန် 4096 MB ထိပဲ ကန့်သတ်ချက်ထားတယ် ဘာကြောင့်လဲ ဆိုတော့  အရင်ကရှင်းပြသလိုပြောရမယ် ဆိုရင်တော့  တန်ချိန် 100 ဆန့်သည့်ကားကို 110 တင်လို့မရသလိုပဲ 32-bit မှာ ကန့်သတ်ထားတဲ့ တန်ဖိုးပမာဏ အရ သူဟာ နောက်ထက်တိုးမြှင့်တဲ့ ပမာဏကို လက်မခံနိုင်တော့လို့ပါပဲ။  Windows, Linux နဲ့ Mac OS X တို့ရဲ့တစ်ခုခြင်းဆီးမှာ မတူညီကြတဲ့ ပြဿနာ ရပ်တစ်ခု ရှိပါတယ်။ အဲတာကတော့ Windows-specific problem ပါ။ 32-bit Linux နဲ့ Mac OS X မှာလည်း သူတို့အတွက် တူညီတဲ့ ကန့်သတ်ချက်တွေ ဆိုတာ ရှိနေပါတယ်။ 32-bit Linux က extra memory ကို ထပ်မံတိုးမြှင့် အသုံးနိုင်ဖို့ လမ်းညွှန်မှု တွေကြည့်ပြီး သွားနေရတဲ့ အချိန်မှာ Mac ရဲ့ OS X Snow Leopard ကလည်း older systems တွေမှာပါတဲ့ default 32-bit kernel မှာ Memory ထပ်တိုးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ ၊ ဒါပေမယ့်လည်း လုပ်ဆောင်နေရင်းနဲ့ ခုချိန်မှာတော့ သူ့ရဲ့ OS ကို 64-bit Run နိုင်ဖို့ကိုပဲ ဦးတည်နေတာ တွေ့ရပါတယ်။

32-bit ၏ အားနည်းချက်နှင့် ပြဿနာရပ်များ

32-bit ရဲ့အားနည်းချက်က  Memory  အားနည်းပြီး အားထက်ဖြည့်ဖို့ အားတိုးနိုင်ဖို့ ကိစ္စတင်မကပဲ သူ့မှာ တခြား ပြဿနာရပ်တွေလည်း ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတော့ ကျွန်တော်တို့ရဲ့ video card နဲ့ motherboard BIOS တွေက သူတို့ရဲ့ Space ကို 4GB ထိရောက်အောင် နေရာအပိုင် ယူထားနိုင်ခြင်း ဆိုတဲ့ ပြဿနာပါ ဒီပြဿနာကြောင့် ဘာဖြစ်လာနိုင်သလဲ ဆိုရင် ကျွန်တော်တို့ operating system ဆိုတဲ့ အလုပ် လုပ်နေတဲ့စနစ် ကနေ အမှန်တကယ် သုံးရမယ့် RAM ပမာဏက လက်ရှိ မိမိစက်မှာ ရှိနေတဲ့ RAM ပမာဏထက် လျော့နည်းနေခြင်းကြောင့်ပဲ 
ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ပိုမိုရှင်းအောင် ဥပမာဆောင်ရရင်  ပလိုင်းပေါက်နဲ့ဖားကြီး ကောက်ဆိုသလိုပဲ  ဘယ်လောက်ပဲကောက်ကောက် ထွက်ပေါက်ရှိနေတော့  ဖားက ပလိုင်းထဲမပြည့်သလို  ကျွန်တော်တို့မှာလည်း
 ပလိုင်းနဲ့တူတဲ့ …………………………… 32-bit Windows မှာ                                               ဖားနဲ့ကြီးဖားငယ် နဲ့တူတဲ့ ……………………… RAM 4 GB နဲ့ 1 GB Video cards ၂ ခု စိုက်ထားမယ်ဆိုရင်   ပလိုင်းထဲမှာ ဖားငယ်မရှိတော့သလို ကျွန်တော်တို့ Computer ကို ပြန်ကြည့်ပြန်တော့လည်း  OS အတွက် ပေးနိုင်မယ့် RAM ပမာဏက 2.2 GB ပဲကျန်တော့တာကိုတွေ့ရမှာဖြစ်တယ် ။  ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် ကျွန်တော်တို့ machine မှာ Quality ကောင်းကောင်းနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ video cards တွေရှိလာတာ နဲ့ အမျှ တနည်း ပလိုင်းပေါက်ပြီးဆိုတာနဲ့ အမျှ မိမိ operating system ကနေ အမှန်တကယ်သုံးရမယ့် RAM ပမာဏဟာ 32-bit system မှာ လျော့နည်းလာခြင်းကြောင့် 32 bit ရဲ့အားနည်းချက်ကဘာလဲဆိုတာသိရှိမှာဖြစ်ပါတယ်..။



64-bit ၏ အားသာချက် ကွာခြားချက်

32-bit က RAM ပမာဏ 4 GB ကိုပဲ လက်ခံနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့ နောက်မှာ 64-bit machine တွေကရော system memory ဘယ်လောက်များများ လက်ခံနိုင်ပါသလဲ။ ဟုတ်ကဲ့ 64-bit machine တွေက 17.2 BILLION gigabytes ထိ လက်ခံနိုင်ပါတယ်။ အနာဂတ်မှာဆို ဒီ့ထက်ပိုပြီးတောင် ကျယ်ပြန့်လာဦးမှာပါ။ ဒါက ဘာကို ဖြေရှင်းပေးနိုင်သလဲ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ video cards နဲ့ အခြားသော devices တွေကနေ OS က သုံးရမယ့် memory space ကို ခိုးယူစရာ မလိုတော့ဘူးဆိုတဲ့ သဘောနဲ့ တူတူပါပဲ။ ဒီနေရာမှာ တစ်ခု ရှိတာက Windows 64-bit Home editions တွေမှာ Licensing ကန့်သတ်ချက်ကြောင့် RAM ပမာဏကို အများဆုံး 16 GB ထိ ကန့်သတ်ထားတယ် ဆိုတာပါ။ ဒါပေမယ့်လည်း တခြားသော Professional နဲ့ Ultimate versions တွေမှာတော့ RAM ပမာဏကို 192 GB ထိ တိုးမြှင့် အသုံးချပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM ပမာဏ သုံးစွဲမှု များတဲ့ video editing လို virtual machines တွေလို Applications မျိုးတွေကို အသုံးချတဲ့ အချိန်မှာ 64-bit Windows က virtual memory ကို 8 TB ထိ တိုးမြှင့် အသုံးချနိုင်တာမို့လို့ ကိုယ် အသုံးပြုချင်တဲ့ Applications တွေကို ပိုပြီး သက်တောင့် သက်သာနဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ဒီတစ်ခေါကတော့ ဒီလောက်ပါ ပဲ နောက်တစ်ခေါက်မှာပြန်လည်တင်ဆက်သွားပါမယ် 
ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်ကို လေ့လာနေဆဲပါ ဆရာမဟုတ်သလို ဆရာဖြစ်လောက်တဲ့ အဆင့်လည်းမရှိသေးတဲ့ သာမာန်အနိမ့်စား အညံ့စားတစ်ပည့်တစ်ဦးဖြစ်နေလို့ပါပဲ ဒါကြောင့် လည်းကျွန်တော့်ဆရာ  မင်းမင်းချစ်က ကျွန်တော့်ဆို နည်းနည်းလေး ပိုအလေးပေးသင်ကြားပြသပါတယ် အခြားသောသူတွေက ဉာဏ်ရည်ထက်မြတ်တော့ အရိပ်ပြလိုက်တာနဲ့ပြီးတယ်…ထားပါ ဒါက ကျွန်တော့်အရေး မို့ ဆက်လက်ကြိုးစားနေပါဦးမည်.. အဆင်ပြေပါလိမ့်မည်ဟုလည်းမျှော်လင့်သည်..။


အားလုံးကို ချစ်​ခင်​​လေးစားလျှက်​ ​နောင်​​နောင်​ ​တောင်​​ပေါ်သား

0 comments:

Post a Comment